သင့်ကလေးငယ် Teamwork ကောင်းဖို့အတွက်ဆို ISE ရှိတယ်…
အဖွဲ့လိုက်လုပ်ဆောင်ခြင်းကြောင့် Social Skills၊ Self-Confidence၊ Unity၊ Creative Ideas စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။ အဖွဲ့လိုက်လုပ်ဆောင်ခြင်းမှ ရရှိနိုင်မဲ့ အကျိုးကျေးဇူး အသေးစိတ်ကို အောက်မှာဆက်ကြည့်လိုက်ရအောင်။
1 Social Skills
အသင်းအဖွဲ့နဲ့ လုပ်ဆောင်ရခြင်းကြောင့် လူအများနဲ့ဆက်ဆံပြောဆိုရာမှာ ပိုမိုအဆင်ပြေချောမွေ့လာခြင်း၊ နားထောင်နိုင်မှုစွမ်းရည်မြင့်မားလာခြင်း၊ Problem Solving Skills နှင့် Leadership Skills ကောင်းမွန်လာခြင်း စတဲ့ Social Skills တွေကိုရရှိမှာပါ။
2 Self-Confidence
Social Anxiety Disorder ရှိတဲ့သူတွေအနေနဲ့လည်း တစ်ဦးချင်းလုပ်ဆောင်ခြင်းထက် Teamwork နဲ့လုပ်မယ်ဆို နဂိုထက်ပိုပြီး Self-Confidence ပိုကောင်းလာပါလိမ့်မယ်။
3 Unity
“စည်းကမ်းဟူသည် လူ့တန်ဖိုး” ဆိုသည့်စကားအတိုင်း လူတစ်ယောက်ရဲ့တန်ဖိုးဟာ ထိုသူရဲ့ စည်ကမ်းပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် မိမိတန်ဖိုးကို မြှင့်တင်ဖို့အတွက်ဆို စည်ကမ်းရှိနေဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အများနဲ့လုပ်ရတဲ့ Group Work တွေမှာ ကိုယ်လုပ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလုပ်ရတာကြောင့် Unity ပိုင်းမှာ အများကြီးတိုးတက်လာပါလိမ့်မယ်။
4 Creative Ideas
အတွေးအခေါ်ပိုင်းမှာလည်း ဦးနှောက် တစ်ခုတည်းကို အသုံးပြုခြင်းထက် တစ်ခုထက်ပိုတဲ့ ဦးနှောက်များကို အသုံးပြုခြင်းက အလုပ်ပိုတွင်စေပြီး ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ပိုပြီးရရှိစေမှာပါ။ ဒါကြောင့် Creative Ideas တွေများများ လိုချင်တယ်ဆိုရင်တော့ တစ်ဦး တစ်ယောက်တည်း တွေးခေါ်နေမဲ့အစား သက်ဆိုင်ရာ Team အလိုက် Brainstorming လုပ်ခြင်းက Creative Thinking အတွက် ပိုပြီးအထောက်ကူပြုနိုင်ပါတယ်။

Leave a Reply